Homestay Union

About Us

ကျွန်ုပ်တို့အကြောင်း

Homestay Union

Homestay Union Pte Ltd မှ တည်ထောင်ထားသော Homestay Union Myanmar မှ လှပတဲ့ စင်္ကာပူကျွန်းမြို့လေးမှာ စာသင်ကြားလိုသော ကျောင်းသူ၊ ကျောင်းသားများအတွက် တနေရာတည်းမှ အရည်အသွေးကောင်းမွန်သော ဝန်ဆောင်မှုများကိုနေပေးပါသည်။ ကျောင်းသူ၊ ကျောင်းသားများအတွက် ဝန်ဆောင်မှုများ ပေးသည့်အပြင် ကျွန်ုပ်တို့၏ နေအိမ်များ စံချိန်စံညွှန်း ပြည့်ဝမှုအတွက်လည်း တာ၀န်ယူပါသည်။

Homestay Union မှ စင်္ကာပူနိုင်ငံ ပညာရေးစနစ်သို့ ကျောင်းသူ၊ ကျောင်းသားများအား အကူးအပြောင်းလွယ်ကူချောမွေ့စေရန် သတင်းအချက်အလက်နှင့် ဝန်ဆောင်မှုများကို ကူညီထောက်ပံ့ပေးပါသည်။ ထို့အတူ

  • အစိုးရကျောင်း ဝင်ခွင့်စာမေးပွဲများနှင့် စာရင်းသွင်းခြင်းများ၊
  • အပြည်ပြည်ဆိုင်ရာ ပုဂ္ဂလိကကျောင်း စာရင်းသွင်းခြင်းများ၊
  • နေ့ကလေးထိန်းကျောင်းနှင့် မူကြိုကျောင်း စာရင်းသွင်းခြင်းများ၊
  • AEIS ပြင်ဆင်ပေးသော ကျောင်းများသို့ စာရင်းသွင်းခြင်းများ၊
  • အုပ်ထိန်းသူ / အာမခံပေးသူအနေနှင့် ဝန်ဆောင်မှုပေးခြင်းများကို

ဆောင်ရွက်ပေးနေပါသည်။

အရည်အသွေးကောင်းမွန်၍ ကျွန်ုပ်တို့ကိုယ်တိုင် စစ်ဆေးရွေးချယ်ထားသော စင်္ကာပူနိုင်ငံရှိ တည်းခိုအိမ်များ၊ နေအိမ်များနှင့် ကျောင်းများ၏ သတင်းအချက်အလက်များကို စုဆောင်းပေးထားပါသည်။

ကျွန်ုပ်တို့ Homestay Union မှ စုဆောင်းထားသော ၎င်းအချက်အလက်များအားလုံးကို ကျောင်းသားမိဘများအနေဖြင့် အခမဲ့ ရယူနိုင်ပါသည်။


ကျွန်ုပ်တို့၏ အဓိကဝင်ဆောင်မှု (၄) မျိုးမှာ

ကျောင်းသားမိဘများအတွက် Homestay Union

ကျွန်တော်တို့၏ ဝန်ဆောင်မှုများကို စတင်တည်ထောင်နေစဉ်အတွင်း ကူညီပံ့ပိုးပေးခဲ့သူများအားလုံးကိုလည်း ကျွန်တော်တို့မှ အထူးကျေးဇူးတင်ပါသည်။ စင်္ကာပူနိုင်ငံတွင် ပညာသင်ကြားရန် ဆန္ဒရှိသူများအားလုံးကို တနေရာတည်းမှ အကောင်းဆုံးဝန်ဆောင်မှုပေးရန်၊ ဗဟုသုတနှင့်ကွန်ရက်ကို ထောက်ပံ့ပေးနိုင်ရန်အတွက် ကျွန်တော်တို့၏ ဝက်ဘ်ဆိုကကို ပြုပြင်မွမ်းမံခြင်းများ ဆက်လက်ကြိုးစားဆောင်ရွက်သွားပါမည်။

ကျောင်းသူ၊ ကျောင်းသားများအတွက် အိမ်နေရာများ၊ ကျောင်းများ ရှာပေးရုံသာလျှင်မဟုတ်ဘဲ ကျွန်ုပ်တို့ရဲ့ အထူးရွေးချယ်ထားသော ဝန်ထမ်းများမှ စင်္ကာပူနိုင်ငံ၌ သင်၏ကလေးအတွက် လိုအပ်သောဝန်ဆောင်မှုများ အားလုံးကို ကြည့်ရှုစောင့်ကြည့်ပေးပါလိမ့်မည်။ အခက်အခဲများနှင့် ကြုံတွေ့ရသောအခါမှသာလျှင် ကျွန်တော်တို့၏ အရည်အသွေးကောင်းမွန်သော ဝန်ဆောင်မှုများကို လူကြီးမင်းသိပါလိမ့်မည်ဟု ယုံကြည်ထားပါသည်။

Homestay Union Pte Ltd မှ ပံ့ပိုးပြုလုပ်သည်။

Homestay Union