အစိုးရကျောင်း
အစိုးရကျောင်း
အစိုးရကျောင်း စာရင်းသွင်းခြင်း ဝန်ဆောင်မှုများ
AEIS ဆိုတာ ဘာလဲ
AEIS ဆိုသည်မှာ နှစ်တနှစ်၏ ဇန်နဝါရီလတွင် ဖွင့်လှစ်သော မူလတန်းနှင့် အလယ်တန်းကျောင်းများသို့ ဝင်ရန်ဆန္ဒရှိသော အပြည်ပြည်ဆိုင်ရာ ကျောင်းသူ၊ ကျောင်းသားသစ်များအတွက် စင်္ကာပူနိုင်ငံပညာရေး၀န်ကြီးဌာန (MOE) မှ ဦးစီးဆောင်ရွက်သော နှစ်စဉ် စက်တင်ဘာလနှင့် အောက်တိုဘာလဝန်းကျင်တွင် ကျင်းပသည့် ဗဟိုဝင်ခွင့်စာမေးပွဲများဖြစ်ပါသည်။
AEIS တွင် လျှောက်ထားသူများ၏ အင်္ဂလိပ်စာတတ်မြောက်ခြင်း၊ အတွက်အချက်နှင့် စဉ်းစားဆင်ခြင်နိုင်ခြင်း စွမ်းရည်များကို အင်္ဂလိပ်စာနှင့် သင်္ချာ ဘာသာရပ်များအပေါ် စစ်ဆေးသည့် ဗဟိုစာမေးပွဲတခု ပါဝင်ပါသည်။ စစ်ဆေးမှုအောင်မြင်သော လျှောက်ထားသူများသည် စင်္ကာပူနိုင်ငံတွင် ကျောင်းနေရာလွတ်များရရှိနိုင်မှု၊ လျှောက်ထားသူများ၏ စမ်းသပ်မှုစွမ်းဆောင်ရည်နှင့် အတိအလင်းကြေငြာထားသော နေရပ်လိပ်စာများအပေါ် မူတည်၍ သင့်လျော်သောကျောင်းမှ ကမ်းလှမ်းခြင်း ခံရပါလိမ့်မည်။
စင်္ကာပူကျောင်းများသို့ ဝင်ခွင့်ရှာဖွေနေသော အပြည်ပြည်ဆိုင်ရာ ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် အင်္ဂလိပ်စာသည် အဓိကစာသင်ကြားသည့် ဘာသာစကားဖြစ်ခြင်းကို သတိပြုသင့်ပါသည်။ အပြည်ပြည်ဆိုင်ရာ ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် AEIS ဝင်ခွင့်စစ်ဆေးမှုများမတိုင်ခင် ပြင်ဆင်ကြရန် တိုက်တွန်းလိုပါသည်။ အင်္ဂလိပ်စာနှင့် သင်္ချာသင်ရိုးညွှန်းတန်းများအား အကျွမ်းတဝင်ဖြစ်အောင် လေ့ကျင့်ထားသင့်ပါသည်။
AEIS ဟာ ဘယ်သူတွေအတွက်လဲ
ပညာသင်နှစ်တနှစ်ရဲ့ ဇန်နဝါရီလတွင် ဖွင့်လှစ်သော မူလတန်းအဆင့် (၂ မှ ၅) နှင့် အလယ်တန်းအဆင့် (၁ မှ ၃) သို့ ဝင်ခွင့်ရရှိရန် ဆန္ဒရှိနေသော၊ သို့မဟုတ် အစိုးရကျောင်းတကျောင်း၌ နေရာတနေရာမရရှိသေးသော အပြည်ပြည်ဆိုင်ရာကျောင်းသူ၊ ကျောင်းသားသစ်များသည် AEIS တွင် ဝင်ခွင့်စစ်ဆေးမှုများ ဖြေဆိုရပါမည်။
AEIS စာမေးပွဲများကို ဘယ်အချိန်မှာ ကျင်းပလဲ
AEIS စာမေးပွဲများကို နှစ်စဉ် အောက်တိုဘာလနှင့် ဖေဖေါ်၀ါရီလများမှာ တစ်နှစ်လျှင်နှစ်ကြိမ် ကျင်းပပါသည်။ စာမေးပွဲအတွက် စာရင်းပေးသွင်းရန် ဆန္ဒရှိသော ကျောင်းသူ၊ ကျောင်းသားများသည် အွန်လိုင်းမှတဆင့် စာရင်းသွင်းနိုင်သလို (သို့မဟုတ်) ကိုယ်စားစာရင်းသွင်းပေးသွင်းရန် ၎င်းတို့ ပညာသင်ကြားနေသော AEIS ပြင်ဆင်ရေးကျောင်းများကို ဆက်သွယ်နိုင်ပါသည်။
မည်ကဲ့သို့ လျှောက်ထားမည်နည်း
AEIS စာမေးပွဲအတွက် ပေးဆောင်ထားသော ဝန်ဆောင်ခများကို ပြန်အမ်းမပေးပါ။ လျှောက်ထားသူများသည် လျှောက်ထားခြင်းမပြုမီ စာမေးပွဲဖြေဆိုရန် အားမအားစဉ်းစားဖို့ လိုအပ်ပါသည်။ လျှောက်ထားသူများသည် အွန်လိုင်းမှ လျှောက်ထားခြင်းမပြုမီ အရည်အချင်းသတ်မှတ်ချက်များနှင့် လျှောက်လွှာတင်ပုံ လုပ်ငန်းစဉ်အပိုင်းများကို ဖတ်ရှူလေ့လာသင့်ပါသည်။
သင် သိထားရန် လိုအပ်သည်များ
AEIS သည် အစိုးရကျောင်းတကျောင်း၌ နေရာတနေရာမရရှိသေးသော သူများနှင့် နောက်ပညာသင်နှစ်၏ ဇန်နဝါရီလတွင် ဖွင့်လှစ်သော မူလတန်းအဆင့် (၂ မှ ၅) နှင့် အလယ်တန်းအဆင့် (၁ မှ ၃) သို့ ဝင်ခွင့်ရရှိရန် ဆန္ဒရှိသော အပြည်ပြည်ဆိုင်ရာ ကျောင်းသူ၊ ကျောင်းသားသစ်များအတွက်ဖြစ်ပါသည်။
အစိုးရကျောင်းများသို့ ပြန်လည်ဝင်ခွင့်စုံစမ်းရန် ဆန္ဒရှိသော အပြည်ပြည်ဆိုင်ရာ ကျောင်းသူ၊ ကျောင်းသားများသည် လိုအပ်သောအကူအညီအတွက် စင်္ကာပူနိုင်ငံပညာရေး၀န်ကြီးဌာန (MOE) ၏ ဝန်ဆောင်မှုစင်တာများသို့ ဆက်သွယ်နိုင်ပါသည်။
AEIS ကျောင်းနေရာချထားပေးခြင်းသည် လျှောက်ထားသူ၏ စစ်ဆေးမှု၏ရလဒ်၊ ရည်ရွယ်ထားသော နေထိုင်မည့်နေရာနှင့် ကျောင်းများ၏ ရရှိနိုင်သော နေရာလွတ်များအပေါ်တွင် မူတည်ပါသည်။ AEIS အောက်တွင် ကျောင်းရွေးချယ်ခွင့်၊ စစ်ဆေးမှုရလဒ်များကို ထုတ်ပြန်ကြေငြာမှုနှင့် ကျောင်းပြောင်းရွှေ့မှုများအတွက် တောင်းဆိုခြင်းများအား လက်ခံဆောင်ရွက်ပေးလိမ့်မည်မဟုတ်ပေ။